သတင်း

ဘားအံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု

2025-09-17

ဘားအံ စက်တင်ဘာ ၁၇

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မိုးစပါးစီမံကိန်းတွင်ပါဝင်သော ကော့တရုတ်ရကျေးရွာ တက်သစ်စ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ လယ်ယာလုပ်ငန်းခွင်တွင် အောင်နိုင်တိုးမိုးစပါးစိုက်ပျိုးနေမှုကို  ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်အေးပွင့် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ဘားအံမြို့နယ်သည် ဒေသရေမြေအနေအထားအရ ရေကျနောက်စိုက်စပါး စိုက်ပျိုးလျက် ရှိပြီး စိုက်ခင်းများ၌ ပိုးမွှားများကျရောက်မှုမရှိစေရေး၊ မြေဩဇာသွင်းအားစုများ အချိန်ကာလ အလိုက် စနစ်တကျထည့်သွင်းနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများဝင်ငွေ တိုးပွားစေရေးနှင့် စိုက်ပျိုးစဉ်ကာလအတွင်း လိုအပ်ချက်များအား ဦးစီးဌာနသို့အချိန်မီ တင်ပြနိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience