သတင်း

ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု

2025-09-18

ဘားအံ စက်တင်ဘာ ၁၈

ကရင်ပြည်နယ် ဒေသတွင်းစားရေရိက္ခာဖူလုံးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်း မပျောက်မတည်ရန်ပုံငွေမှ ချေးငွေရယူပြီး လုပ်ငန်းများဆောင်ရွက်နေသော ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာအုပ်စုရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းသို့ ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်အေးပွင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းက တစ်ရက်ပျှမ်းမျှ စပါးတန်ချိန် တန် (၂၀) ကျပြီး စပါးတင်းပေါင်း(၄၀၀)ခန့် ကြိတ်ခွဲထုတ်လုပ်ပေးလျက် ရှိကာ  အသင်းအနေဖြင့် စပါးကြိတ်ခွဲပေးခြင်း၊ စပါးပေါ်ချိန်တွင် စပါးစိုက်တောင်သူများ ဈေးနှိမ်မခံရစေရေး ပေါက်ဈေးဖြင့်ဝယ်ယူ၍ ကြိတ်ခွဲရောင်းချခြင်း၊ ကြိတ်ခွဲရာမှ ထွက်ရှိ လာသောစပါးခွံများနှင့်ဖွဲနုများကို တိရစ္ဆာန်အစာအဖြစ်ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ ထွက်ရှိလာသော ဆန်များကို သမဝါယမ အသင်းသားများ၊ ဒေသတွင်းပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်း များအား သက်သာသော ဈေးနှုန်း ဖြင့် ဖြန့်ဖြူးရောင်းချခြင်း၊ သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ရောင်းချကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)

ကရင်ပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience