ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ်
2025-09-16
ပြင်ဦးလွင်၊ စက်တင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနတွင် လုပ်ငန်းမှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ တက်ရောက်ကြရာ ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ဒီဂျစ်တယ်နည်းပညာဆိုင်ရာဗဟုသုတများ၊ Online Registration အကြောင်းသိကောင်းစရာများ၊ Cyber Security နှင့်ပက်သက်သောအကြောင်းအရာများ၊ SSID e-Commerce website ဝင်ရောက်အသုံးပြုပုံ၊ Food Safety နှင့် Online Sale မှတ်ပုံတင်ခြင်း အကြောင်းအရာ သင်ခန်းစာတို့ကို သင်ကြားပို့ချဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။