သတင်း

ရေနံချောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများသို့ ဓါတ်မြေဩဇာသွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းများဆောင်ရွက်

2025-09-17

ရေနံချောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများသို့ ဓါတ်မြေဩဇာသွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းများဆောင်ရွက်

**********************************************************************

ရေနံချောင်း   စက်တင်ဘာ    ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌  မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကော်မတီက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုများကို စက်တင်ဘာ ၁၆ရက်နေ့က တောင်သူများ လက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဇင်ဦးက ‌ရေနံချောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် အကျုံးမဝင်သော ပင်းဝကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာမှ မိုးစပါးစိုက် တောင်သူ(၃၈)ဦးအတွက် စိုက်ပျိုးရာသီ အချိန်မီအသုံးပြုနိုင်ရေး၊ သီးနှံပေါ်ပေးစနစ်ဖြင့် ဆောင်ရွက်ပေးရန်အပြင် အဓိကလိုအပ်သော သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များရရှိရေး မိုးစပါးစိုက်တောင်သူများအနေဖြင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ယူရီးယားဓါတ်မြေဩဇာများ ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

ရေနံချောင်းမြို့နယ်အတွင်း မြို့နယ်ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကော်မတီဥက္ကဌ၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် တာဝန်ရှိသူများက သီးနှံပေါ်ပေးစနစ်ဖြင့် သပြေပင်ကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၃၈)ဦးထံ အရည်အသွေးပြည့်မီသော ယူရီးယားဓါတ်မြေဩဇာ ၂၀ အိတ်၊ ကွန်ပေါင်း ဓါတ်မြေဩဇာ ၂၀အိတ်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience