သတင်း
စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
2025-09-15
စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
စစ်ကိုင်း စက်တင်ဘာ ၁၅
စစ်ကိုင်း စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ကိုယ်ပိုင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ဆင်တပ်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦစီးမှူး ဒေါ်ယဉ်ယဉ်ချိုက အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ စစ်ကိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော အတက်ပညာများကို ပြန်လည်အသုံးချစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးအခက်အခဲရှိပါက မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေပံ့ပိုးမှုအကူအညီ ရယူနိုင်ကြောင်း၊ မိမိတို့ တက်မြောက်ထားသော ပညာရပ်များဖြင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။
ထို့နောက်မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအောင်ကိုကိုဝင်းက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုသင်တန်းကိုသင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ယခုလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ငါးရက်ကြာ အခမဲ့ စာတွေ့ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းပါသည်။
သန်းလွင်(မကွေး)