သတင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း

2025-09-16

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၅.၉.၂၀၂၅) ရက်နေ့ နံနက်ပိုင်း၌ ကွန်ပျူတာလက်တွေ့ စာမေးပွဲဖြေဆိုနေမှုနှင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှု အခြေအနေများကို ပါမောက္ခချုပ် ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှူးနှင့် မော်ကွန်းထိန်းများမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကွန်ပျူတာလက်တွေ့ စာမေးပွဲများနှင့် Theory ပိုင်း ရေးဖြေ စာမေးပွဲများကို (၁၅.၉.၂၀၂၅)ရက်နေ့မှ (၂၃.၉.၂၀၂၅) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ PGD၊ မဟာတန်း (ပထမနှစ်၊ ဒုတိယနှစ်)သင်တန်းအသီးသီး၏ စာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၁၀၉၆)ဦး ဖြေဆိုလျက် ရှိပါသည်။
ပါမောက္ခချုပ်မှ ကွန်ပျူတာလက်တွေ့စာမေးပွဲများကို အဆင်ပြေချောမွေ့စွာ ဖြေဆိုစစ်ဆေးပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience