သတင်း

သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် အသိပညာပေးမွမ်းမံသင်တန်းတွင် ဆွေးနွေးပို့ချလျက်ရှိ

2025-09-11

  စက်တင်ဘာ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် အသိပညာပေးမွမ်းမံသင်တန်း တွင် သမဝါယမမူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်က သမဝါယမဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲနှင့် ပြဿနာများအပေါ် ဖြေရှင်းရမည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience