သတင်း

ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း

2025-09-12

ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း

‎‎ပွင့်ဖြူ စက်တင်ဘာ ၁၂

‎‎         မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

‎‎          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်  ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် နှင့် ခရိုင်၊ မြို့နယ် တာဝန်ခံအင်ဂျင်နီယာများမှ သမော်အင်း  ကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်  မှ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

‎‎          ပွင့်ဖြူ မြို့နယ်၊ သမော်အင်း ကျေးရွာ၌ အရှည် ၅ ဒသမ ၄ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့်  ၂ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်  ၁၀၅ ဒသမ ၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ၍  ယခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ စတင်၍တာဝန်ယူ ဆောင်ရွက်လျက် ရှိရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၆၀ % ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မင်းဘူး ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး ခင်မောင်ကျော်  ထံမှ သိရသည်။

‎‎ဇင်မာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience