သတင်း

သမဝါယမကောလိပ်(မန္တလေး) အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

2025-09-12

ပုသိမ်ကြီး စက်တင်ဘာ ၁၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ သမဝါယမကောလိပ်(မန္တလေး)၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သမဝါယမကောလိပ်(မန္တလေး) ရန်ကင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြ၍ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပူ‌ဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ‌ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တွဲဖက်ပါမောက္ခများမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience