သတင်း

မိုးညိုမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

2025-09-08

မိုးညို စက်တင်ဘာ ၈

ခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတစ်ဦး စိုက်ပျိုးထားသော မိုးစပါးစံပြကွက်အား တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် အဖွဲ့၊ မိုးညိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးနှင့် အဖွဲ့သည် လဖျော်ပင်ကျေးရွာရှိ "ချမ်းရိပ်မြိုင်" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးကို‌ထွေး စိုက်ပျိုးထားသည့် အောင်နိုင်တိုးစပါးမျိုးစံပြကွက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ အသင်းသား တောင်သူများနှင့် တွေ့ဆုံကာ ပန်းတိုင်အထွက်နူန်းရရှိရေး၊ သွင်းအားစုများ အချိန်ကိုက် မှန်ကန်စွာ သုံးစွဲနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ကြိုတင်သတိပြုရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience