သတင်း

ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာစည်းဝေး

2025-09-09

တနင်္သာရီ  စက်တင်ဘာ   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဌက အသင်း၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြ၍ မြို့နယ်သမဝါယမအသင်းစုလီမီတက်၏ အမှုဆောင် အဖွဲ့က လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး အသင်းဝင်များထံမှ အတည်ပြုချက်ရယူခြင်း ဆောင်ရွက်ခဲ့ပြီးနောက် သက်တမ်းပြည့်အမှုဆောင်များ နှုတ်ထွက်ခဲ့ကြပြီး အစည်းအဝေးပထမပိုင်းကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ အစည်းအဝေးဒုတိယပိုင်းတွင် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပကာ အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားအရ ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience