သတင်း

ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

2025-09-09

ကော့သောင်း စက်တင်ဘာ ၈

        တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ၊ ချမ်းဖန်း- ဟတ်စဒင်း-အော်ကြီး ကျေးရွာချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၀၄ ဒသမ ၁၉၆ သန်းဖြင့် ချမ်းဖန်း- ဟတ်စဒင်း-အော်ကြီးလမ်း (၁/၁ ဒသမ ၆၂)မိုင် ရှိသည့်အနက် လမ်းမိုင်(၀/၅-၁/၁ ဒသမ ၆၂) အထိ မူလကျောက်လမ်း(၀/၄ ဒသမ ၆၂)မိုင်အား နှစ်လက်မ-လေးလက်မခွဲကျောက်ဖြင့် Regulation ၂၀ ရာခိုင်နှုန်း- ၄၀ ရာခိုင် နှုန်း ပြုလုပ်ပြီး ခုနစ်လက်မ- ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

         အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ကြပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စက်တင်ဘာ ၆ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရူပါမြင့်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience