သတင်း

ရမည်းသင်းမြို့နယ် ကံသာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဒုတိယအကြိမ်ထုတ်ချေး

2025-09-09

ရမည်းသင်းမြို့နယ် ကံသာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဒုတိယအကြိမ်ထုတ်ချေး

ရမည်းသင်း စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)ကျေးရွာဖြစ်သည့် ကံသာအေးကျေးရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးလာစေရန် နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်း သက်သာစွာဖြင့် ထောက်ပံ့ပေးရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်အဖြစ် ရမည်းသင်းမြို့နယ် ကံသာအေးကျေးရွာရှိ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် အသင်းသား ၄၁ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၁၁၀ ကို ကျေးရွာ စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောပြ၍ သိရ သည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience