သတင်း

ကလောမြို့နယ်၌ သမ၀ါယမအသင်း လီမိတက်မှ မိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

2025-09-09

ကလော စက်တင်ဘာ ၉

ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌ က‌လောမြို့နယ်၊‌ ‌ ဘော်နင်းကျေးရွာအုပ်စု၊‌ ညောင်ခါးရှည် ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တန့်ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ဘုရားပျိုစိုက်ပျိုး‌ရေးနှင့် အ‌ထွေထွေလုပ်ငန်းသမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုခဲ့‌ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ဘုရားပျိုစိုက်ပျိုး‌ရေးနှင့်အ‌ထွေထွေလုပ်ငန်းသမ၀ါယမ အသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအားများနှင့် အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများရရှိစေရေးအတွက် ကလောမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ကျော်ဝင်း (ကလော)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience