သတင်း

အောင်လံ-ပြည်ကားလမ်းမှ မြင့်ဦးလမ်းသို့ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

2025-09-08

အောင်လံ-ပြည်ကားလမ်းမှ မြင့်ဦးလမ်းသို့ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

************************************************************************

အောင်လံ   စက်တင်ဘာ    ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အောင်လံ-ပြည်ကားလမ်းမှ မြင့်ဦးလမ်းသို့ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်အောင်သန့်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဗိုလ်မင်းနှင့် တာဝန်ရှိသူများက အောင်လံ-ပြည် ကားလမ်းမှ မြင့်ဦးလမ်းသို့ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)က မြေပြင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အောင်လံ-ပြည်ကားလမ်းမှ မြင့်ဦးလမ်း အရှည် တစ်မိုင်၊ အကျယ် ၁၈ပေ၊ အမြင့် ရှစ်လက်မရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၂၃၄သန်းဖြင့်  မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience