ထားဝယ်မြို့နယ်၌ သမဝါယမကဏ္ဍမိုးစပါး စိုက်ပျိုးထားမှုအခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
2025-09-05
ထားဝယ် စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ ဦးပိုင်အမှတ်- ၁၁/၈ ၌ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား တောင်သူ များ၏ မိုးစပါးစိုက်ခင်းများတွင် ပေါင်းလိုက် တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာများ စုပေါင်း ကြဲပက်ခြင်းကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်း ၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မိုးစပါးစိုက်ခင်းများတွင်ဓာတ်မြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းကြရန်နှင့် ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များအား မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။