သတင်း

ဆင်ပေါင်ဝဲမြို့နယ် ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက်လမ်းပေါ်၌ ရေကျော်တည်ဆောက်နေမှု စစ်ဆေး

2025-09-04

ဆင်ပေါင်ဝဲမြို့နယ် ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက်လမ်းပေါ်၌ ရေကျော်တည်ဆောက်နေမှု စစ်ဆေး

ဆင်ပေါင်ဝဲ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက် လမ်းပေါ်၌ ရေကျော်တည်ဆောက်နေမှု အခြေအနေများကို စက်တင်ဘာ ၃ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန (QC)အဖွဲ့၊ သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ရှိသူများက ကြေးခိုင်မ-ကိုးပင်ကျေးရွာချင်းဆက်လမ်းပေါ်၌ မူလ ပေ ၁၀၀ ရေကျော်အား (ကိုးပင် ကျေးရွာဘက်ခြမ်း)တွင် ပေ ၇၀ အရှည်ဆက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အရှည်ပေ ၇၀ရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၇၀ အသုံးပြုကာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ်  ဇူလိုင် ၁ ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience