သတင်း

ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

2025-09-03

ဟင်္သာတ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော  ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းများနှင့် စိုက်ခင်းများသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့သို့တွေ့ဆုံရာသို့ ဟင်္သာတမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာခိုင်နှင့် ဝန်ထမ်းများလိုက်ပါလျက် ယုံသလင်းကျေးရွာအုပ်စု၊ မဒေါ့တလုတ်ကုန်းကျေးရွာရှိ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပီလောပီနံစိုက်ပျိုးထုတ်လုပ်သည့် သမဝါယမ အသင်းသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိ သူများသည် အသင်းသား ဦးဇော်မျိုးအောင်၏ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ပီလောပီနံ စိုက်ကွင်းများအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience