သတင်း

အမရပူရမြို့နယ် လက်သစ်ကျေးရွာ၌ ဂျင်းလမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

2025-09-02

အမရပူရမြို့နယ် လက်သစ်ကျေးရွာ၌ ဂျင်းလမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မန္တလေး စက်တင်ဘာလ ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမရပူရမြို့နယ်၊ လက်သစ်ကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းဂျင်းလမ်းခင်းခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ အမရပူရမြို့နယ် လက်သစ်ကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

လက်သစ်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၂၆၄၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ဂျင်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သိန်း ၂၇၀ ဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့မှုဖြင့် ဇွန်လ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience