သတင်း

ကျိုက်မရောမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများ ကွင်းဆင်းဆောင်ရွက်

2025-09-08

မွန်   စက်တင်ဘာလ   ၈  

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာအုပ်စု၊ ပန်းကုန်းကျေးရွာရှိ၊ ပန်းကမ္ဘာလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့မှ မိုးစပါးစိုက်ပျိုးလျက် ရှိသော အသင်းသားတောင်သူများ၏ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မြို့နယ်ဦးစီးအရာရှိနှင့်အဖွဲ့သည် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုက်မရောမြို့နယ်သည် ဒေသ ရေမြေအနေအထားအရ ရေကျနောက်လိုက်စပါး စိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းကောင်း စပါးမျိုးစိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများ ဝင်ငွေတိုးပွားရေး၊ စိုက်ခင်းများပိုးမွှားရောဂါမကျရောက်စေရေး၊ မြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျထည့်သွင်းနိုင်ရေးနှင့် စိုက်ပျိုးစဉ်ကာလအတွင်း လိုအပ်ချက် များအား ဦးစီးဌာနသို့ အချိန်မီတင်ပြနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience