သတင်း

ဘားအံမြို့နယ် အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

2025-09-05

ဘားအံ  စက်တင်ဘာ  ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နောင်လုံ(အနောက်)အုပ်စု ကော့မကယ်ကျေးရွာရှိ မိသားစု စိုက်ပျိုးရေးထုတ်လုပ်ရေးသမဝါယမအသင်းက အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် ပါဝင်စိုက်ပျိုးလျက်ရှိသည့် အသင်းသားတောင်သူ နော်ဖောကြည်၏ လယ်မြေဧကများတွင် စိုက်ပျိုးထားသည့်  အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းများအား ကရင်ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးသီးနှံများ စိုက်ပျိုးရာ၌ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးစေရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်စေရေး၊ ပိုးမွှားရောဂါများမကျရောက်စေရေး၊ စိုက်ပျိုးသည့်နည်းစနစ် မှန်ကန်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရှိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience