သတင်း

ပင်းတယမြို့နယ် ပွေးလှ’တမဲလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

2025-09-08

ပင်းတယ စက်တင်ဘာ ၇

            ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပွေးလှ-တမဲလမ်းပေါ်ရှိ ပေ ၅၀ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၆ ရက်က အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုးနှင့် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးတို့က ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

               အဆိုပါ တံတားတည်ဆောက်ခြင်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၆၂ ဒသမ ၂၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience