သတင်း

ချောက်မြို့နယ် မှတ်ကြီးဖုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

2025-09-08

ချောက်မြို့နယ် မှတ်ကြီးဖုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

******************************************************************************

ချောက်   စက်တင်ဘာ     ၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောက်မြို့နယ် ပုပ္ပကန်ကျေးရွာအုပ်စု၊ မှတ်ကြီးဖုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ မှတ်ကြီးဖုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်  ဆွေးနွေးမှာကြားခဲ့သည်။

မှတ်ကြီးဖုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စတုတ္ထအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၆ဦး ကို ငွေကျပ် ၅ ဒသမ ၇သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၂၅သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၄၅သန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၄၅သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၈ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၉ ဒသမ ၈၅သန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience