သတင်း

မိုင်းဖြတ်မြို့၌ မြို့နယ်စစ်မှုထမ်းဟောင်း ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

2025-09-04

မိုင်းဖြတ် စက်တင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်း ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အစည်းအဝေးကို မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းက စစ်မှုထမ်းဟောင်းငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ လုပ်ငန်းများဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနွယ်က အသင်း၏လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်‌စာရင်းနှင့် အမှုဆောင်ဒါရိုက်တာအစီရင်ခံစာကို အဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် အသင်းသားများ၏ သားသမီးများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် အသင်းသား၊ အသင်းသူတစ်ဦးလျှင် စားဆီ ၅၀ သားနှင့် ထောက်ပံ့‌ငွေ ကျပ် (၅၀၀၀)ပေးအပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင် စစ်မှုထမ်းဟောင်းငွေချေးသမဝါယမအသင်းကို ၂၀၁၂ ခုနှစ်မှစ၍ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းသားဦးရေမှာ (၁၉၆)ဦးအထိရှိခဲ့ပြီး အသင်း၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် အသင်းသား၊ အသင်းသူများမိသားစု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်လုပ်ငန်းများအပေါ် အကျိုးရှိစေကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience