သတင်း

ကိုးရီးယားသမ္မတနိုင်ငံ၊ Sunchon National University, Korea (SCNU)၏ Students Exchange Program အစီအစဉ်အရ (၁-၉-၂၀၂၅) ရက်နေ့မှ (၁၉-၁၂-၂ဝ၂၅) ရက်နေ့အထိ ဖွင့်လှစ်မည့် Korea Language and Cultural Program သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝါဏိဇ္ဇဗေဒဌာန၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသူ(၂)ဦးသွားရောက်ခြင်း

2025-09-04

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် ကိုရီးယားသမ္မတနိုင်ငံSunchon National University, Korea(SCNU)တို့အကြား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရပ်ဆိုင်ရာ အရည်အသွေးပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် အကျိုးပြုသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်အတွက် နားလည်မှုစာချွန်လွှာ(MoU)ကို ကိုရီးယားသမ္မတနိုင်ငံ၊ Suncheon မြို့၌ ၂၈-၈-၂၀၂၄ ရက်နေ့တွင် တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ (MoU)စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ကျောင်းသား/ ကျောင်းသူများ၏ ပညာရပ်ဆိုင်ရာ အရည်အသွေးပိုမိုတိုးတက်မြင့်မားလာစေရန် အကျိုးကျေးဇူး ရလာဒ်အနေဖြင့် နားလည်မှုစာချွန်လွှာ(MoU)စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုထားသည့် Students Exchange Program အစီအစဉ်အရ (၁-၉-၂၀၂၅) ရက်နေ့မှ (၁၉-၁၂-၂ဝ၂၅) ရက်နေ့အထိ ဖွင့်လှစ်မည့် Korea Language and Cultural Program သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ဝါဏိဇ္ဇဗေဒဌာန၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေး ပညာအထူးပြုမေဂျာ၊ တတိယနှစ်(ဒုတိယနှစ်ဝက်)တွင်  ပညာသင်ကြားနေသော မထက်ထက်သင်းသင်းဇော်နှင့် မသဲစုစန္ဒီအောင်တို့သည် (၂-၉-၂၀၂၅)ရက်နေ့တွင် ကိုးရီးယားသမ္မတနိုင်ငံ၊  Sunchon National University, Koreaသို့ ထွက်ခွာခဲ့ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience