ဘားအံမြို့နယ် ပေါင်းစုအားမာန်ရောင်းဝယ်ရေးသမဝါယမအသင်း(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
2025-09-03
ဘားအံ စက်တင်ဘာ ၃
ဘားအံမြို့နယ် ပေါင်းစုအားမာန်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ 2023-2024 ဘဏ္ဍာရေးနှစ်နှင့် 2024-2025 ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကို အမှတ်(2)ရပ်ကွက် ပေါင်းစုအားမာန် ရောင်းဝယ်ရေးသမဝါယမအသင်း၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးနှင့် တာဝန်ရှိသူများ၊ အသင်းအမှုဆောင်များ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး အသင်းဥက္ကဌ ဦးအောင်မျိုးလွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဘားအံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးက အသင်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များက အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြား၍ သဘာပတိက အတည်ပြုချက် ရယူခဲ့ပြီး တက်ရောက်လာသော အသင်းသားများအား အစုပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။