သတင်း

အောင်လံမြို့နယ် ကန်နှစ်ဆင့်-ရေနံကြီးကျေးရွာချင်းဆက်လမ်းပေါ်၌Submersible Bridge(ဒုတိယပိုင်း)တည်ဆောက်နေမှု စစ်ဆေး

2025-09-03

အောင်လံမြို့နယ် ကန်နှစ်ဆင့်-ရေနံကြီးကျေးရွာချင်းဆက်လမ်းပေါ်၌Submersible Bridge(ဒုတိယပိုင်း)တည်ဆောက်နေမှု စစ်ဆေး
************************************************************************
အောင်လံ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်ကန်နှစ်ဆင့်-ရေနံကြီးကျေးရွာချင်းဆက်လမ်းပေါ်၌ Submersible Bridge (ဒုတိယပိုင်း)တည်ဆောက်နေမှု အခြေအနေများကို စက်တင်ဘာ ၂ရက် နံနက်ပိုင်းက တာဝန်ရှိ သူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဗိုလ်မင်းနှင့်တာဝန်ရှိသူများက ကန်နှစ်ဆင့်-ရေနံကြီးကျေးရွာ ချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၂၀၀ရှိSubmersible Bridge (ဒုတိယပိုင်း) တည်ဆောက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးလိုအပ်သည်များ မှာကြားခဲ့သည်။
ဆိုပါ Submersible Bridge (ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၃၅၁ ဒသမ ၀၄၀သန်းဖြင့်Phyo Thiri Kyaw ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၆၀ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ကျေးရွာငါးရွာရှိ အိမ်ခြေ ၁၀၇၅၊ လူဦးရေ ၄၄၆၉ ဦးတို့အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း
သိရသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience