သတင်း

ရမည်းသင်းမြို့နယ်တွင် စုပေါင်းမဏ္ဍိုင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

2024-08-19

ရမည်းသင်း ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စုပေါင်းမဏ္ဍိုင်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၁၇ ရက်က အဆိုပါမြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် စုပေါင်းမဏ္ဍိုင်ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးစိုးလွင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး ဦးထွန်းထွန်းနိုင်က အခြေခံသမဝါယမအသင်းသားများ အကျိုးခံစားမှုကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ ဦးဇော်မျိုးထွန်းမှ ဖတ်ကြားရှင်းလင်းတင်သွင်းခြင်းနှင့် အသင်းသားစာရင်းစစ်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်သွင်းရာ အသင်းသားများ၏ သဘောတူညီချက်ဖြင့် သဘာပတိက အတည်ပြုချက်ရယူခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် အသင်းသားများ၏ အသင်းကောင်းကျိုးအတွက် အကြံပြု ချက်များ၊ မေးမြန်းချက်များအား လက်ခံဖြေကြားရှင်းလင်းပြီး အသင်းသားများအား အစုပေါ်အမြတ်၊ စုဆောင်းပေါ်အတိုးနှင့် စုဆောင်းငွေ၏(၁ဝ)ရာခိုင်နှုန်းထုတ်ပေးကာ အသင်းသူများ၏ မီးဖွားစရိတ်နှင့် အသင်းသား၊ အသင်းသူများ၏ သားသမီးများ၏ ပညာသင်စရိတ်များထုတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience