သတင်း

အောင်လံမြို့၌ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

2025-09-01

အောင်လံ  စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မိုးနှောင်းဝါ အထွက်တိုးမျိုးဖြစ်သည့် B31 နှင့် TBL195 မျိုးများ စိုက်ပျိုးထားသည့် ရေပေါ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအောင်ခင်၏ ဝါစိုက်ခင်းများအား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့် မြို့နယ်သမဝါယမအသင်းတို့မှ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးမှ ပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် ဝါစိုက်ခင်း များတွင် ဓာတ်မြေဩဇာများ အချိန်ကိုက်၊ အချိုးကျထည့်သွင်းရန်နှင့် နည်းစနစ်မှန်ကန်စေရေး ဂရုစိုက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အာကာ(အောင်လံ)

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience