သတင်း

တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

2025-09-01

တောင်ငူ ဩဂုတ် ၂၉

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် လုပ်ငန်း အရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို ဩဂုတ် ၂၇ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

              ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ရွှေကန်ညီကို ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသော ရွာတန်းရှည် - ခွေးလေးတော- အနောက်ဆင်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဇော်ကိုကို(တောင်ငူ)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience