သတင်း

မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း

2025-09-02

မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း

မိုင်းဖြတ် စက်တင်ဘာ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်  အိုက်ရီ(ပါခုံ) ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက အိုက်ရီ(ပါခုံ) ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ)ကျေးရွာ၌ အရှည် ၂ ဒသမ ၆ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို   ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၇၆ ဒသမ ၅၁၂ သန်းဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် ဩဂုတ်လ ၇ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ   ၃၅ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း  မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်မေလွင်ထံမှ သိရှိရသည်။

ဇင်မာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience