အမရပူရမြို့နယ်တွင် သမဝါယမအသင်းသားများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်
2025-08-05
အမရပူရ သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ၊ သာလှအေး (စိုက်/ထွေ) သမဝါယမအသင်းနှင့် အောင်မြင့်မြတ်(စိုက်/ထွေ) သမဝါယမအသင်း နှစ်သင်း၏ အသင်းသားတောင်သူ ၂၆ ဦးတို့စိုက်ဧက ၁၁၀ ဧကအတွက် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တန်ဖိုးကျပ် သိန်း ၂၂၀ နှင့်ညီမျှသော သွင်းအားစုများကို အမရပူရမြို့နယ်၊ သာလှအေးသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် သာလှအေးကျေးရွာ၊ ကွင်းအမှတ် ၅၇၀၊ ပေါက်အင်းကွင်းရှိ သာလှအေး (စိုက်/ ထွေ) အသင်းသားတောင်သူ ဒေါ်စန်းစန်းနွယ် ပိုင်လယ် ၄ ဧကပေါ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို မြို့နယ်သမဝါယမဦးစီးမှူး ဦးမောင်မောင်လေး၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ မြို့နယ်သမဝါယမအသင်း၊ ကွင်းဆင်းအဖွဲ့ခေါင်းဆောင် ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့များမှ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)