သတင်း

ပင်လောင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

2025-08-04

ပင်လောင်း ဩဂုတ် ၁

      ပင်လောင်းမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ ယင်းလုပ်ငန်းများမှာ နောင်တရား-မီးလောင်ကုန်း- နန်းပါလင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ နောင်ကောက် -ခေါ်ပင်လမ်းပေါ်ရှိ ပေ ၃၀ တံတားတစ်စင်း၊ ထီနဲ့-ထီတမောင်းလမ်းပေါ်ရှိ ပေ ၃၀ တံတားတစ်စင်းနှင့် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင် ရွက်မည့် ဆည်ခေါင်း-နောင်မွန်-နောင်လင်-ဘန့်ပြင် - လုံးပိုး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအပါအဝင် ယင်းလမ်းပေါ်ရှိ ပေ ၄၀ တံတား တစ်စင်း၊ သံတဲ-ဘုရားပေါ်-မြေနီကုန်းလမ်းပေါ်ရှိ ပေ ၄၀ တံတား တစ်စင်းဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience