သတင်း

ချောက်မြို့နယ် ရေတွင်းချိုင့်ကျေးရွာ အဝင်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေကာနံရံတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

2025-08-18

ချောက် ဩဂုတ် ၁၆

            မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ချောက်-မကွေးကားလမ်းမကြီးမှ ရေတွင်းချိုင့်ကျေးရွာ အဝင်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေကာနံရံတည်ဆောက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးလဲ့လဲ့စိုးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ချောက်မြို့နယ် ချောက် - မကွေးကားလမ်းမကြီးမှ ရေတွင်းချိုင့်ကျေးရွာအဝင် လမ်းပေါ်ရှိတံတားချဉ်းကပ်လမ်း မြေကာနံရံ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

           အဆိုပါ ချောက်မြို့နယ် ချောက် - မကွေးကားလမ်းမကြီးမှ ရေတွင်းချိုင့်ကျေးရွာအဝင်လမ်းပေါ်ရှိ ပေ ၂၀ တံတား ချဉ်းကပ်လမ်းဘေး ဝဲ/ယာတွင် အရှည်ပေ ၁၀၀ ရှိ မြေကာနံရံတည်ဆောက်ခြင်း၊ အရှည်ပေ ၂၀၀ ချဉ်းကပ်လမ်းမြေဖို့ခြင်း၊ အရှည်ပေ ၃၀ ကျောက်ရိုးစီခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် ၉၃ သန်းဖြင့် ဇူလိုင်လစတုတ္ထပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

          အဆိုပါ တံတားချဉ်းကပ်လမ်း မြေကာနံရံတည်ဆောက်ပြီးစီးပါက ရေတွင်းချိုင့်ကျေးရွာရှိ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေမည့်အပြင် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

နီလာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience