သတင်း

ကြို့ပင်ကောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆာဖိုးသာစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

2025-08-18

ကြို့ပင်ကောက် ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျွန်းကုန်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားတောင်သူ ဦးအုန်းသော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆာဖိုးသာစပါးမျိုး ၁၂ ဧက စိုက်ပျိုးထားရာ စပါး သက်တမ်း ၆၂ ရက်ရှိပြီဖြစ်ကြောင်း၊ နောက် ၄၅ ရက်အကြာတွင် စတင်ရိတ်သိမ်းတော့မည် ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်း တင်း ၁၂၀ ခန့်မှန်းထားကြာင်း ရွာသာကုန်းကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအုန်းသော်ထံမှ သိရသည်။

ကျွန်းကုန်းကြီးကျေးရွာအုပ်စုတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူ ၂၈ ဦးမှ ဧကပေါင်း ၂၀၇ ဧက စိုက်ပျိုးထားကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာစိုက်ပျိုးရေး အသင်း ၇ သင်းမှ အသင်းသားတောင်သူ ၂၃၁ ဦး၏ လယ်ဧက ၁၂၀၀ တွင် မိုးစပါးမျိုးများဖြစ်သော ဆာဖိုးသာစပါးနှင့် အောင်နိုင်တိုးစပါးမျိုးတို့ကို စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန်းဌေးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience