သတင်း

ဇီးကုန်းမြို့နယ်၌ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

2025-08-14

ဇီးကုန်း ဩဂုတ် ၁၃

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသန်းမြတ်စိုး၊ ဇီးကုန်းမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိုးပပထွန်းတို့နှင့် အတူ ယမန်နေ့က ဇီးကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရန်ကုန်-ပြည်လမ်းမှ မယင်းကျေးရွာအဝင်လမ်းပေါ်တွင် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ခရိုင် (ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience