သတင်း

ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါအောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်

2025-08-14

ပျော်ဘွယ် ဩဂုတ် ၁၄

ပျော်ဘွယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်နေမှု မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရတနာထွန်းက မိုးကြိုဝါများ စံနှုန်းပြည့်မီစွာ ထွက်ရှိနိုင်ရန်အတွက် အထူးဂရုပြုရမည့် အချက်များ၊ ယခုဝါများ ထွက်ရှိချိန်တွင် အသင်းသားတောင်သူများ ဈေးကောင်းရရှိစေရန် ဝါဝယ်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

မြို့နယ်သမဝါယဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမ အသင်း(၉)သင်းမှ ဝါစိုက်ဧက (၆၀၀) အတွက်၊ B-31 မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience