သတင်း

တံတားဦးမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

2025-08-13

တံတားဦး ဩဂုတ် ၁၂

      မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်းခွင်သို့ ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

         အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အဖွဲ့သည် ဘူးရောက်-မိုးကြိုးတွင်း(ရွှေမိုးမြေ)လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience