သတင်း

ကလောမြို့နယ်သမဝါယမအသင်းစု(လီမိတက်) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ ကျင်းပ

2025-08-11

ကလော ဩဂုတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ခန်းမ၌ မြို့နယ်သမဝါယမအသင်းစု(လီမိတက်) ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ်သမဝါယမအသင်းစု (လီမိတက်)ဥက္ကဋ္ဌ သဘာပတိ ဦးခင်ထွန်းက အဖွင့်အမှာစကား‌ပြောကြားပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးကျော်မိုးတင့်က  အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက အမှာစကားပြောကြား၍ ကလော မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက အမှုဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများ ဖတ်ကြား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် သဘာပတိက အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်း အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်း၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းအမှု‌ဆောင်၏ တင်ပြမှုအမှာစာများကို အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience