သတင်း

မြိတ်မြို့တွင် မိုးစပါးစိုက်ခင်းများအား တစ်ဧကအထွက်နှုန်းများတိုးစေရေး ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများပံ့ပိုးပေးထား

2025-08-13

မြိတ်   ဩဂုတ်   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဝန်ဖို့ကျေးရွာရှိ ပေါ်ဆန်းရင်လယ်ယာနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းများမှ အသင်းသားတောင်သူများ စိုက်ပျိုးခဲ့ကြသည့် မိုးစပါးစိုက်ခင်းများကို တစ်ဧကအထွက်နှုန်းများတိုးစေရန်  ဆောင်ရွက်လျက်ရှိပြီး မိုးစပါးစိုက်ခင်းများအား  မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုး၊ မြို့နယ်သမဝါယမအသင်းစု ဒု-ဥက္ကဌ ဦးထွန်းမင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တောင်သူများအား တစ်ဧက အထွက်နှုန်းများတိုးစေရန် စပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက်အချိုးကျ ထည့်သွင်း နိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှုမရှိစေရေးကို ဂရုစိုက်ဆောင်ရွက်ကြရန် တောင်သူများအား ဆွေးနွေးပြောကြားသည်။

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း ခြောက်သင်းမှ အသင်းသားတောင်သူ ၁၅၃ ဦးသည် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး ၁၅၇၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်၃၁၄ ဒသမ ၈ သန်းနှင့်ညီမျှသော သွင်းအားစုများကို  မြို့နယ်သမဝါယမဦးစီးဌာနမှ ဇွန်လတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience