ဟိုပုံးမြို့နယ်၌ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးရိတ်သိမ်းနေမှုအခြေအနေများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
2025-08-11
ဟိုပုံး သြဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်း ကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာတွင် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးရိတ် သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးရိတ်သိမ်းနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသူများက နွေစပါးရိတ်သိမ်းထားရှိသည့် “ဟန်လွဲ” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ နွေစပါးရိတ်သိမ်း ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တစ်ဧကလျှင်(၁၁၄)တင်း ထွက်ရှိ ကြောင်း၊ အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ပိုမိုရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ဟိုပုံးမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)