မိုးနဲမြို့နယ်၌ နှင်းမြို့တော် ဈေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
2025-08-08
မိုးနဲ ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က နှင်းမြို့တော်ဈေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သဘာပတိ ဦးထွန်းလှိုင်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ လမ်းညွှန်အမှာစကားပြောကြားပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာအလိုက်တာဝန်ရှိသူများက နှစ်ချုပ်ဘဏ္ဍာရေးစာရင်း ရှင်းတမ်းများ၊ အမှုဆောင်အဖွဲ့၏အစီရင်ခံစာ၊ အသင်းသားစာရင်းစစ်၏ အစီရင်ခံစာတို့ကို အသီးသီးပြောကြားပေးခဲ့ပြီး အသင်းသားများထံမှ သဘောထားထောက်ခံချက်ရယူကာ သဘာပတိမှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အထွေထွေကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး သဘာပတိမှနိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ကာ အခမ်းအနားကို စုပေါင်းအင်အား ၅၀ ကျော်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။