သတင်း

ကံမမြို့နယ် ဆုံကုန်း-အလပ်လယ်-ရှားစေးဖို- ရှမ်းကွင်း-အင်ဘတ်တော ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းနေမှုလုပ်ငန်း စစ်ဆေး

2025-08-04

ကံမ ဩဂုတ် ၃

            မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆုံကုန်း- အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း- အင်ဘတ်တောကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးနန်းထွေးနှင့် တာဝန်ရှိသူများက ဆုံကုန်း- အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း- အင်ဘတ်တော ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူးက ကျေးရွာငါးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

          အဆိုပါ ဆုံကုန်း၊ အလပ်လယ်၊ ရှားစေးဖို၊ ရှမ်းကွင်း၊ အင်ဘတ်တော ကျေးရွာချင်းဆက်လမ်း အရှည်ပေ တစ်မိုင်၊ အကျယ် ၁၆ အမြင့် ခြောက်လက်မရှိ ကျောက်ချောခင်းခြင်း လုပ်ငန်းကို ယခုဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ်သန်း ၁၆၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ ကျေး ရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇွန်လဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience