သတင်း

မျိုးစပါး စိုက်ပျိုးရန်အတွက် မြေပြင်ခြင်းအား ကွင်းဆင်းကြည့်ရှု

2025-08-04

ဇမ္ဗူသီရိ  ဩဂုတ် ၄

ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာ ရှိ လယ်ယာဂုဏ်ဆောင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်မြင့်ဦး၏ စိုက်ဧက ၁ ဒသမ ၅၀ ဧကတွင် မိုးစပါး အောင်နိုင်တိုးမျိုးစပါး စိုက်ပျိုးရန်အတွက် မြေပြင်ခြင်းအား နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုးစပါး အထွက်နှုန်း ရည်မှန်းချက်ပန်းတိုင်ပြည့်မှီစေရေးနှင့် မိုးစပါး အောင်နိုင်တိုးမျိုးစပါး စိုက်ပျိုးရန် အတွက် မြေပြင်ခြင်းတို့အား တာဝန်ရှိသူများ၊ အသင်းသားတောင်သူများနှင့်‌တွေ့ဆုံကာ လိုအပ် သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။‌

နီလာ(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience