သတင်း

မင်းဘူးမြို့နယ်၌ ရွာမကန်ကျေးရွာ အဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်

2025-08-04

မင်းဘူး ဩဂုတ် ၃

      မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွာမကန်၌ ကျေးရွာအဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ရွာမကန်ကျေးရွာ အဝင်လမ်းမြေနီခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

      မင်းဘူးမြို့နယ်၌ ရွာမကန်ကျေးရွာ အဝင်လမ်း အရှည်ပေ ခြောက် ဖာလုံ၊ အကျယ် ၁၈ ပေ ချဲ့၍ ဒု ရှစ်လက်မ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၉၀၁ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇင်မာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience