သတင်း

မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းခင်း

2025-08-18

ကျောက်ဆည် ဩဂုတ် ၁၄

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

        အဆိုပါ ကျေးရွာအဝင်လမ်းသည် ကျောက်ဆည်- စက်မှုဇုန် ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားပြီး ကျေးရွာသူ၊ ကျေး ရွာသားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် ကဏ္ဍမျိုးစုံ အသုံးပြုလျက်ရှိရာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၂၃ ဒသမ ၀၉ သန်း အကုန်ကျခံကာ winner myanmar ကုမ္ပဏီမှ (၂လက်မ× ၄လက်မ) ကျောက်များဖြင့် ထု ခြောက်လက်မ၊ အကျယ် ၁၄ ပေ ကျောက်သားထုခင်းပြီး ၄င်းကျောက်သားလမ်းပေါ်တွင် အကျယ် ၁၂ ပေ၊ ထု ခုနစ်လက်မ ကွန်ကရစ်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့ရေးနှင့် အရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

         လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ဖျောက်ဆိပ်ပင်ကျေးရွာမှ အိမ်ခြေ ၁ဝဝ၇ အိမ်၊ လူဦးရေ ၆၅၉၈ ဦးတို့၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းနှင့် အခြားကျေးရွာပြည်သူများနှင့် ဆက်သွယ်ရာ၌ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၄၈၅)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience