သတင်း

ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုဝါသီးနှံခူးဆွတ်နေမှုအား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ကွင်းဆင်းကြည့်ရှုအားပေး

2025-08-18

ပျော်ဘွယ် ဩဂုတ် ၁၈

ပျော်ဘွယ်မြို့နယ်တွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးသည် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများလိုက်ပါလျက် ကန်သာကျေးရွာရှိ ဝါစိုက်ခင်းအားကြည့်ရှုအားပေးခြင်း၊ ဂွေးဇီးကျေးရွာ သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသည့် (B-31) မိုးကြိုဝါသီးနှံခူးဆွတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ထို့ကဲ့သို့ ကြည့်ရှုအားပေးရာတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးက ထွက်ရှိလာသည့်ဝါများ ဈေးကောင်းရရှိရေးအတွက် ဝါဝယ်ယူလျက်ရှိသော လှချည်မျှင်သမဝါယမအသင်းနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ မိုးကြိုဝါများ ဆွတ်ခူးပြီးပါက ဒေသနှင့် ကိုက်ညီကာ အထွက်နှုန်းကောင်းမွန်သည့် မိုးစပါးမျိုးများ၊ သွင်းအားစုများ အချိန်မီပံ့ပိုး ပေးနိုင်ရေး၊ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ တစ်ဧက အထွက်နှုန်းကောင်းမွန်ရေးနှင့် တောင်သူများ အနေဖြင့် အကျိုးအမြတ်ရှိအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience