သတင်း
ငဖဲမြို့နယ် မြင်သာကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး
2025-08-18
ငဖဲမြို့နယ် မြင်သာကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး
ငဖဲ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ဆဌမအကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက နယ်ဇောကျေးရွာ အုပ်စု၊ မြင်သာကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မြင်သာ ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန်ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက မြင်သာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦးထံသို့ ရန်ပုံငွေ ၈၂ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉ ဦးထံသို့ ရန်ပုံငွေ ၄၁ သိန်း စုစုပေါင်း အသင်းသူ/သား ၂၀ ဦးထံသို့ ရန်ပုံငွေ ၁၂၃ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေ ထံမှ သိရသည်။
ဇင်မာ