သတင်း

ပေါင်မြို့နယ်၌ အခြေခံသမဝါယမအသင်း(၂)သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်

2025-08-13

ပေါင် ဩဂုတ် ၁၂

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခြေခံသမဝါယမအသင်း (၂)သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းယုက ထောက်ပံ့ငွေပေးအပ်ရခြင်း၏ရည်ရွယ်ချက်နှင့် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား အသင်း(၂)သင်းသို့ ငွေကျပ် (၁၁၁.၈၀၉၂၈၀)သန်းကို ကော်မတီဥက္ကဋ္ဌကပေးအပ်ရာ အသင်း(၂)သင်း၏ ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience