သတင်း

ပန်းဘဲတန်းမြို့နယ် မြင်းပျံသမဝါယမအသင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

2025-08-11

ပန်းဘဲတန်း ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ မြင်းပျံရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားကို ဥက္ကဋ္ဌ ဒေါ်သန်သန်းမြင့်မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေပုံကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်၊ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားတစ်ဦးဖြစ်သူ ဦးကံညွန့်မှ ဖတ်ကြားတင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူ ဦး‌ကျော်သူရက ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူ အတည်ပြုခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်က သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများအား အစုအပေါ်အမြတ်ငွေ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience